FANDOM


မိတ်ဆက်

စောင်ကုလားဝက်သားစားကွားဆိုသည်မှာ အင်တာနက်တွင် ဗုဒ္ဓဘာသာကို စော်ကား
စောင်ကုလား
လျှင် သို့မဟုတ် မည်သည့်အရာကို မဆို စော်ကားလျှင်ပင် ဖြစ်စေ ပြောသည့် စကားဖြစ်သည်။ နောက်ပိုင်းတွင် မျိုးချစ်များကို လှောင်ပြောင်ချင်သောကြောင့် လူအများအပြား လိုက်၍ပြောလာကြသည်။

ဖြစ်ပေါ်လာပုံ

ဤစကားဖြစ်ပေါ်လာပုံသည် မှားယွင်း၍ရေးမိသည့် စာလုံးပေါင်းသတ်ပုံများမှစသည်။ စောက် ကို စောင်၊ ကွာ ကို ကွားဟု မှားရေးမိသည့် မျိုးချစ်များကို လှောင်ပြောင်လို၍ လိုက်လံ၍ ပြောရာမှ ဖြစ်လာသည်ဟု ယူဆရသည်။ ဝက်သားဆိုသည်မှာမူ မူဆလင်များ မစားသည့် အသားဖြစ်၍ အွန်လိုင်းတွင် ဗုဒ္ဓဘာသာကို စော်ကားသည်ဟု ထင်တိုင်း မျိုးချစ်များက မူဆလင်ဟုတ်ဟုတ် မဟုတ်ဟုတ် ဝက်သားပုံများပြ၍ ဝက်သားကျွေးလေ့ရှိသည်။ ထို့ကြောင့် ထိုစာလုံးပေါင်းသတ်ပုံအမှားများနှင့်ပေါင်း၍ စောင်ကုလား ဝက်သားစားကွား ဟူ၍ကောမန့်များတွင် ပြောတတ်ကြပြီး တခါတရံတွင် စာသားနှင့်လိုက်ဖက်သည့် ဝက်သားပုံမျိုးစုံပါလာတတ်သည်။

ပျံ့နှံလာပုံ

၂၀၁၆ ဇန်နဝါရီလမှ စ၍ meme group ဖြစ်သော BUMi တွင် စောင်ကုလားဝက်သားစားကွား ဟူသော ကောမန့်များတွင်ကျယ်လာသည်။ ကုလား ဝက်သားစား စသည့် ကောမန့်များမှာ လူမျိုးရေးခွဲခြားလိုသည့် မျိုးချစ်များမှ ပြောဆိုကြခြင်းဖြစ်သော်လည်း စောင်ကုလား ဝက်သားစားကွားဆိုသည့် ကောမန့်များမှာ မျိုးချစ်များကို နောက်ပြောင်သည့် သဘောဖြင့် ပြောကြခြင်းဖြစ်သည်။

Community content is available under CC-BY-SA unless otherwise noted.