FANDOM


We But Build Our Notion

See You At The Top ဆိုသည်မှာ စာရေးဆရာ လင်းသိုက်ညွန့် (မြန်မာ့မြေ) ၏ လက်စွဲတော် ဆောင်ပုဒ် ဖြစ်သည်။ ၄င်းက ၄င်းရေးသော စာအုပ်များကို ဖတ်သော သူများအနေနှင့် အောက်ဆုံးမှ ဘ၀ထိပ်ဆုံးသို့ အလွယ်တကူ တက်ရောက်သွားနိုင်ပြီး ၄င်းကိုယ်တိုင်ကလည်း ထိပ်ဆုံးပန်းတိုင်သို့ ရောက်ရှိနေပြီး ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် ယူဆထားကာ ထို Top ဆိုသော နေရာတွင် ထို စာအုပ်ဖတ်သူနှင့် သူ ၂ဦးသား ပြန်လည် တွေ့ဆုံကြစို့ ဟု ရည်ညွှန်းလိုခြင်း ဖြစ်သည်။ ထို့ပြင် "We Must Work Together. We Must Build Our Notion." ဟူသော ၄င်း၏ အင်္ဂလိပ်စာသားနှင့် အတူ BUMi တွင် နာမည်ကြီးလာခဲ့သည်။

သူ့ပရိသတ်များ facebook တွင် comment ပေးသည့်အခါတိုင်း အများအားဖြင့် ထိုစာသား၂ခုနှင့် အင်္ဂလိပ်လို ပြန်ပြောလေ့ရှိသောကြောင့် ပရိသတ်များ အထင်ကြီးလေးစားမှုကို ခံရလေ့ရှိသည်။

BUMi နှင့် ထိုဆောင်ပုဒ် Edit

စာရေးဆရာ လင်းသိုက်ညွန့်၏ ဆောင်ပုဒ်မှာ BUMi ၏ ပညာတတ်အသိုင်းအ၀ိုင်းကြားတွင် ဟားစရာ သာသာ သာ ဖြစ်ခဲ့ပြီး ထိုဆောင်ပုဒ်ကို အကြောင်းပြုပြီး Meme အသစ်များ မွေးဖွားလာခဲ့သည်။ နောက်ပိုင်းတွင် Facebook တစ်ခွင်တွင် သူ့စာဖတ်ပရိသတ်များမှ လွဲပြီး ရာနှုန်းအများစုက လင်းသိုက်ညွန့်ကိုရော See You At The Top ကိုပါ အမြင်ကတ်လာသည်မှာ အထင်အရှားပင်ဖြစ်လေသည်။

ထိုဆောင်ပုဒ်သည် ၄င်းစာရေးဆရာ၏ သင်တန်းနှင့် စာအုပ်များ၏ ဆိုလိုရင်းဖြစ်သော အောင်မြင်မှုကို ရရှိဖို့ ဘယ်လိုဘယ်ပုံ ကြိုးစားရမည်ကို သွားရေကျဖွယ် မစားရဝခမန်း အားကျစရာဖြစ်အောင် ရေးသားထားသောကြောင့် ဘာမှ မသိနားမလည်သော နယ်ဘက်မှ ရန်ကုန်တက်လာကာ အလုပ်ရှာနေသော ရိုးသားဖြူစင်သည့် လူငယ်များအနေနှင့် အလွယ်တကူ ဖတ်ရှု အထင်ကြီးမိသွားကာ နေ့ချင်းညချင်း သူဌေးကြီးပဲ ဖြစ်လာတော့မယောင်ယောင် မိမိကိုယ်မိမိ အထင်ရောက်သွားစေသည့် ဆိုလိုရင်းကိုလည်း ကိုယ်စားပြုနေလေသည်။

Community content is available under CC-BY-SA unless otherwise noted.