FANDOM


အဘသာအေးနှင့် ဘောပွဲခန့်မှန်း Edit

အဘသာအေးသည် BUM ခေတ်တည်းက ထိုနာမည်နှင့် group ထဲတွင် ကျင်လည် ကျက်စားခဲ့ပြီး ဘောလုံးပွဲ ခန့်မှန်းများ တင်ရာမှ တဖြည်းဖြည်း လူသိများလာခဲ့သူဖြစ်သည်။ ၄င်းခန့်မှန်းချက် တင်လိုက်ပြီဆိုလျှင် Post အောက်တွင် "ပြောင်းပြန်လောင်းရင် ကျိန်းသေ နိုင်ပြီ" ဟု ပြောယူကြရသည်အထိ တန်ခိုးကြီးသူဖြစ်သည်။

ထို့ကြောင့် အဘသာအေးကို ဘောလုံးပရိသတ်များက ကြောက်ရွံ့ကြပြီး ၄င်းတို့အားပေးသည့်အသင်းကို အဘ ရွေးလိုက်သည်နှင့် ဝိုင်းဆဲကြသည်သာ ဖြစ်ပေသည်။

 Phyo Wai Min အဖြစ် ပြောင်းလဲသွားပုံ 

  မူလက သူ၏ facebook တွင် အဘိုးကြီးတစ်ယောက်မျက်မှန်တပ်ပြီး ထီးဆောင်နေသည့် ပုံသာ တင်ပြီး မူလရုပ်သွင်ကို ဖုံးကွယ်ထားခဲ့သောကြောင့် မိန်းကလေးများက သို့လောသို့လောနှင့် အဘကို ပေါ်တင် မ crush ရဲကြပေ။

အဘကို ဖြိုးဝေမင်းအဖြစ် ပထမဆုံး သိသွားကြသည်မှာ BUM Gathering တွင် လာရောက်ရာမှ ဖြစ်ပေသည်။ ထိုအချိန်မှစ၍ ဓာတ်ပုံများ ပျံ့နှံ့သွားကာ လူသိများလာခဲ့သည်။ နောက်ပိုင်းတွင် facebook ၏ တင်းကျပ်မှုကြောင့် နာမည်ပြောင်များ မှာ နာမည်အရင်းအဖြစ်သို့ ပြောင်းလဲလာကြရမှာ အဘ facebook account နာမည်လည်း Phyo Wai Min ဖြစ်သွားရရှာသည်။ ထို့နောက် အဘသာအေး အမည်နှင့် account အသစ်များ ထပ်လုပ်သော်လည်း ရေရှည်မခံပဲ ဘောပွဲရှုံးသူများ report ကောင်းမှုကြောင့် လက်ရှိ Phyo Wai Min account နှင့်သာ ဆက်လက်သုံးစွဲနေဆဲ ဖြစ်သည်။

 မင်္ဂလာစျေးမီးလောင်မှု နှင့် အဘသာအေး 

[နောက်မှရေးမည်]

 Rapper Bigg Y နှင့် အချေအတင်ဖြစ်မှု 

၂၀၁၆အတွင်း Bigg Y ၏ facebook ပို့စ်များတွင် comment ပေးရာမှ အဘသာအေး နှင့်တကွ BUMi မန်ဘာနှင့် အဆိုတော် Bigg Y တို့ အချေအတင်ဖြစ်ခဲ့ကြသည်။ တခွန်းမကျန် ကတ်ကတ်လန် ရန်တွေ့တတ်သော Bigg Yနှင့် သူဘာလုပ်လုပ်အမှန်ဟု ယူဆထားသော ပရိသတ်များကြောင့် ပြသနာမှာ လိုအပ်သည်ထက် ပိုမိုကြီးထွားခဲ့ရပြီး နောက်ဆုံးတွင် Bigg Y မှာ သူ၏ post များကို ပြန်ဖျက်သွားခဲ့သည်။ သို့သော်လည်း အဘသာအေးကို BUMiမှာ လူများက ၀ိုင်းဝန်းချီးကျူးခဲ့ပြီး သူ၏ Freestyle ကိုလည်း အသိအမှတ်ပြုခဲ့ကြသည်။

Community content is available under CC-BY-SA unless otherwise noted.